အသည်းကို ထိခိုက်စေနိုင်တဲ့ အမူအကျင့် (၅) ခု
နေ့စဉ် လုပ်ဆောင်မိနေတပြ အလေ့အထလေးတွေက အသည်းကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ အချို့သော အလေ့အထတွေက အသည်းကို ပျက်စိးစေတာမျိုးအထိ ဖြစ်နိုင်သလို တစ်စတစ်စနဲ့ ထိခိုက်စေတာမျိုးတွေလည်း ရှိကြပါတယ်။
တော်တာ်များများကတော့ ကိုယ်တိုင်မသိမိဘဲ ပြုလုပ်နေတာပါ။ အခုတစ်ခေါက်တော့ အသည်းကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်လေးတွေကို သတိထားလို့ရအောင် မျှဝေပေးသွားပါမယ်။
ခန္ဓာကိုယ်အတွက် အရေးပါဆုံး အစိတ်အပိုင်းတစ်ခု အသည်း
အသည်းက ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အသည်းရဲ့ အဓိက တာဝန်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ စားလိုက်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
အသည်းက သူ့ကိုယ်တိုင်မှာကို ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြုပြင်နိုင်တဲ့ အာစွမ်းသတ္တိရှိနေတာပါ။ အသည်းအစားထိုးဖို့ အသည်းတစ်စိတ်တစ်ပိုင်းကို ပေးလိုက်ရင်တောင် အသည်းက ပြန်ပြည့်လာပါတယ်။
ဒါပေမယ့် အမြဲလိုလို အည်းထိခိုက်စေတဲ့ အလေ့အထတွေကို လုပ်ဆောင်နေမယ်ဆိုရင်တော့ အသည်းက ပျက်စီးလာမှာပါ။
အသည်းကို ထိခိုက်စေနိုင်တာကြောင့် စွန့်လွှတ်သင့်တဲ့ အမူအကျင့် ၅ ခုက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။
· အရက်အလွန်အကျွံ သောက်တာ
အရက်ကို အတော်အသင့်ပဲ သောက်မယ်။ ဒါပေမယ့် အမြဲလိုလို မသောက်ဘူးဆိုရင် အသည်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရက်ကို အလွန်အကျွံ သောက်သုံးတာက အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်တဲ့ အတိုင်းအတာကို ကျော်သွားမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေမှာပါ။
အရက်သောက်သုံးတာက အသည်းပျက်စီးတာ၊ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ၊ အသည်းရွတ်နာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို တတ်နိုင်သမျှ လျှော့သောက်ပါ။
· ဆေးလိပ်သောက်တာ
ဆေးလိပ်ဘူးမှာကိုက ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ ရေးထားပေမယ့် လူတွေက မဆင်မခြင် ဆေးလိပ်သောက်နေဆဲပါ။ ဆေးလိပ်သောက်တာက စွဲလမ်းစေတတ်ပြီး ဖြတ်ဖို့ ခက်တယ်ဆိုပေမယ့် ဖြတ်လိုက်တာကတော့ အကောင်းဆုံးပါ။ ဆေးလိပ်သောက်တာက ကျန်းမာရေးကို များစွာ ထိခိုက်စေပြီး အသည်း ထိခိုက်တာက ဆေးလိပ်ကြောင့် ဖြစ်တဲ့ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေထဲက တစ်ရပ်ပါ။
ဆေးလိပ်သောက်တာက အသည်းကို တိုက်ရိုက် ထိခိုက်စေတာ မဟုတ်ပေမယ့် နီကိုတင်း သုံးစွဲမှု များတာက ဓာတ်တိုးခြင်းကို ဖြစ်စေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်းကို ထိခိုက်စေပါတယ်။
· ဆေးဝါးတွေ အလွန်အကျွံ သုံးတာ
နေထိုင်မကောင်းရင် ဆေးတစ်မျိုးမျိုးကို ခပ်မြန်မြန် သောက်တတ်ကြပါတယ်။ ဆေးကို များများ သောက်ရင် မြန်မြန် သက်သာမယ်လို့ ယူဆပြီး ဆေးတွေကို အများကြီး သောက်ကြတာမျိုးလည်း ရှိပါတယ်။ နည်းနည်းလေက် ဖျားနာတာနဲ့ ပါရာစီတမော်ဖြစ်ဖြစ် သောက်လိုက်ကြတာ များပါတယ်။
ဒီလိုသောက်လိုက်တဲ့ ဆေးတွေကို အဓိက ချေဖျက်ရတာက အသည်းပါ။ ဆေးတွေကို မလိုအပ်ဘဲ သောက်နေတာဈ အလွန်အကျွံသောက်နေတာတွေက ကျန်းမာရေးကို ထိခိုက်စေပြီး နောက်ပိုင်းမှာ အသည်းကို ထိခိုက်လာစေမှာပါ။
· အိပ်ရေးပျက်တာ
အိပ်ရေးပျက်တာက ရေရှည်မှာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုပေမယ့် ရေရှည်မှာ အိပ်ရေးပျက်တာကြောင့် ဝန်အပိဆုံး အစိတ်အပိုင်းက အသည်းပါ။ အိပ်ရေးဝဝ မအိပ်ရတာက အသည်းမှာ ဓာတတ်တိုးခြင်းတေတွ ဖြစ်စေပြီး အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။
· အာဟာရချို့တဲ့တာနဲ့ အဝလွန်တာ
အစားအစာတေတွကို အလွန်အကျွံ စားတာ၊ ပြုပြင်အေးခဲထားတတာတွေကို စားတတာတွေက အသည်းကို ဖြည်းဖြည်းချင်းစီ ကိုယ်တိုင်ဖျက်ဆီးနေတာပါ။ အစားအစားကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် မစားတာက ရေရှည်မှာ အသည်းအဆီဖုံးတာ၊ အဆိပ်အတောက်တွေ များလာတာကို ဖြစ်စေပြီး အသည်းက မချေဖျက်နိုင်တော့ဘဲ အသည်းပျက်စီးလာပါတော့တယ်။
ရေးသားသူ - မွန်မွန်